Posted by: robbinshee | February 12, 2008

ပြည်ထောင်စုအရေးနှင့်တွေ့ဆုံဆွေးနွေးရေးတို့အပေါ်ပြည်ထောင်စူများအမြင်

စာရေးဆရာမကြီး လူထုဒေါ်အမာ

dawamarပြည်ထောင်စုသားတိုင်းသည် လွတ်လပ်စွာကိုးကွယ်ခွင့်၊ လွတ်လပ်
စွာ ယုံကြည်ခွင့်ရရမှာပေါ့ကွာ။ ဘာသာရေးတင်မကဘူး နိုင်ငံရေး
ပါ ယုံကြည်ခွင့်ရှိရမယ်။ တိုင်းရင်းသားတွေအနေနဲ့ ဘယ်သူမဆို ဘယ်လူမျိုးစုမဆို လွတ်လပ်စွာယုံကြည်နိုင်ရမယ်၊ လွတ်လပ်စွာ ကိုးကွယ်နိုင်ရမယ်။ လူတိုင်း အခွင့်အရေး အရေးအတူရှိရမှာပေါ့။
ဗမာမို့ ဒါမှမဟုတ် လူမျိုးမတူလို့ အဲသလိုမရှိရဘူးလေ။ အားလုံး အတူတူ လွတ်လပ်စွာ ယုံကြည်ခွင့် လွတ်လပ်စွာကိုးကွယ်ခွင့် အဲ့ဒါရရမယ်။ ပင်လုံမှာ ဗိုလ်ချုပ်နဲ့ တိုင်းရင်သားခေါင်းဆောင်တွေ ချမှတ်ခဲ့တဲ့ ရည်မှန်းချက်တွေရဖို့ ခုဒီခြေအနေနဲ့တော့ မမြင်သေး
ဘူး။ အပြောင်းအလဲဖြစ်အောင်ပေါ့ကွာ တစုံတရာ လူတွေက လှုပ်ရှားနိုင်မှရမှာ။

ဦးအေးသာအောင် (ရခိုင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တွဲဖက်အထွေထွေအတွင်းရေးမှူး)

uayetharaungဒီကနေ့မြန်မာနိုင်ငံရဲ့အခြေအနေဟာ အမျိုးသား ပြန်လည် သင့်မြတ်ရေး၊ အမျိုးသားသွေးစည်း ညီညွတ်ရေးကို မဖြစ်မနေ တည်ဆောက်ဖို့လိုတယ်။ တည်ဆောက်တယ်ဆိုတဲ့နေရာမှာ
နိုင်ငံရေး သဘောထားကွဲလွဲနေတဲ့ အင်အားစုတွေသက်သက်နဲ့ ညီညွတ်ရေးကို တည်ဆောက်လို့ မပြည့်စုံဘူး။ တိုင်းရင်းသားတွေ
ပါဝင်တဲ့ ညီညွတ်ရေးကို တည်ဆောက်မှသာလျှင် ပြည့်စုံတဲ့
အမျိုးသား ပြန်လည်သင့်မြတ်ရေးကို တည်ဆောက်နိုင်မယ်။
ဒီတော့ ဒီနေရာမှာ တိုင်းရင်းသားတွေကိုယ်တိုင် အဆင့်တဆင့်မှာ ပါဝင်လာဖို့လိုတယ်။ နအဖဘက်ကလည်း အခုအချိန်အထိ တိုင်းရင်းသားတွေ ပါဝင်လာမယ့် အခန်းကဏ္ဍကို တိုးချဲ့သွားမယ့် အရိပ်အယောင်မမြင်ရသေးဘူး။ ဒီအချိန်အခါမှာ တိုင်းရင်းသား အင်အားစုတွေအနေနဲ့ တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့အစည်းတွေရယ်၊ တိုင်းရင်းသားနိုင်ငံရေးပါတီတွေရယ် တကယ့်ကို တနည်းနည်းနဲ့ ညီညွတ်တဲ့ ညီညွတ်ရေးကို တည်ဆောက်ကြဖို့လိုတယ်။

နိုင်ဟံသာ (မွန်ပြည်သစ်ပါတီ အထွေထွေအတွင်းရေးမှူး )

naiဒီမိုကရေစီအင်အားစုတွေအနေနဲ့ အရင်က ဗိုလ်ချုပ်အောင်ဆန်းတို့ စုစည်းခဲ့သလို လက်ရှိ ဒီမိုကရေစီခေါင်းဆောင်တွေဟာ တိုင်းရင်း သားတွေရဲ့ အခွင့်အရေးနဲ့ပတ်သက်ရင် ရိုးရိုးသားသား၊ ပွင့်ပွင့် လင်းလင်းနဲ့ ထုတ်ဖော်ပြောကြားဖို့လိုတယ်။ ရှင်းရှင်းလင်းလင်း ဖြစ်ဖို့လိုတယ်။ ကနေ့ အနေအထားမှာ အဲဒါမရှင်းဘူးဖြစ်နေတယ်။ ဒါကြောင့် တိုင်းရင်းသားတွေနဲ့ ဒီမိုကရေစီ အင်အားစုတွေနဲ့
စုစည်းဖို့ အားနည်းနေသေးတယ်လို့ ကျနော်မြင်တယ်။ ဒီလိုပါပဲ တိုင်းရင်းသားတွေဘက်ကလည်း ဒီအာဏာရှင်စနစ်မှာ ပြည်နယ် တွေကို အခွင့်အရေး ခွဲပေးရမယ်ဆိုတဲ့ အနေအထားပုံစံမျိုး
ဘယ်လိုမှ ဖြစ်လာမှာမဟုတ်ဘူး။ အာဏာရှင်စနစ်ဆိုတာ အာဏာ တွေကို ချုပ်ကိုင်ထားဖို့ပဲဖြစ်တယ်။ အဲ့ဒီတော့ စစ်အာဏာရှင်စနစ်အောက်မှာ တိုင်းရင်းသားတွေရဲ့ အခွင့်အရေးတွေနဲ့ ပြည်နယ်တွေရဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကတော့ ဘယ်လိုမှ ရနိုင်ဖို့ မရှိဘူးဗျ။ တိုင်းရင်းသားတွေအတွက် သူတို့လိုချင်တဲ့ အခွင့်အရေးဟာ ဒီမိုကရေစီစနစ်အောက်မှာပဲ သူတို့ ရနိုင်မယ်။ အဲဒီတော့ ဒီမိုကရေစီအင်အားစုတွေနဲ့ တိုင်းရင်းသားအင်အားစုတွေဟာ အကျိုးခြင်း
ထပ်တူ ဆက်စပ်နေတယ်။ သူတို့အချင်းချင်း အမြန်ပေါင်းစည်းဖို့လိုတယ်။ သူတို့အချင်းချင်း
ခိုင်မာတဲ့ စုစည်းညီညွတ်မှု တည်ဆောက်နိုင်မှပဲ ဒီပြဿနာကိုဖြေရှင်းနိုင်မယ်လို့ ကျနော် ယုံကြည်တယ်။

ဂျိမ်းစ်လွမ်းဒေါင် (ကချင်ပြည်လွတ်လပ်ရေးအဖွဲ့၊ ဒု-နိုင်ငံခြားရေးတာဝန်ခံ)

jameတိုင်းရင်းသားအားလုံးပါဝင်တဲ့ သုံးပွင့်ဆိုင်တို့ ဘာတို့ အားလုံးက သိပ်လိုချင်ကြတယ်။ နောက်ပြီးတော့ အကောင်းဆုံးသော နည်း နာဖြစ်တယ်။ တရားသောနည်းနာဖြစ်တယ်။ အဲဒီဟာလုပ်ဖို့ ကမ္ဘာ့ ကုလသမဂ္ဂကသော်လည်းကောင်း၊ တခြားမိတ်ဆွေတိုင်းပြည်ကြီး များကသော်လည်းကောင်း ၀ိုင်းဝန်းကူညီကြမယ်ဆိုရင် ဒါက အင်မတန်မှ ကောင်းတဲ့ပေါ်လစီဖြစ်တယ်။ ဒါပေမယ့် ကျနော်တို့ ဗမာပြည်ရဲ့အခြအနေဟာ ကောင်းတဲ့ပေါ်လစီ၊ တရားတဲ့ပေါ်လ
စီကို လိုက်ဖို့ဆိုရာမှာ ကျနော်တို့မှာ အခြေခံဥပဒေ ပြဋ္ဌာန်းချက် လည်းမရှိဘူး။ ကျနော်တို့ ဒီဟာ ကောင်းတဲ့ဟာ၊ ဒီဟာတရားတဲ့ ဟာဆိုတာ ကျနော်တို့ သွားပြီးတော့မှ တိုင်းဖို့ဟာ လိုနေသေး
တယ်။ ဒါကြောင့် ကျနော့်အမြင်က ဒီနေ့ ဒီလိုအချိန်မှာ ဒီတိုင်းပြည်ရဲ့ အခြေအနေကို ဖြေရှင်းဖို့ ရာမှာ စိတ်သဘောထား ကျယ်ပြန့်ဖို့နဲ့ ဒီသင့်တော်တဲ့နည်းကို ရွေးချယ်သုံးဖို့ လိုအပ်ပါမယ်။ ဒီကောင်းတဲ့နည်း၊ တရားတဲ့နည်းကိုသုံးမယ့်အစား သင့်တော်တဲ့နည်းဟာ အကောင်းဆုံးနည်းလို့ ကျနော်ယုံကြည်တယ်။ သင့်တော်တဲ့နည်းဆိုတာ တဦးအပေါ်တဦး နားလည်မှုထားရမယ်။ အားလုံးတန်းတူဆိုတဲ့ဟာ ခံယူချက်က သိပ်ကောင်းတယ်။ ဒါပေမယ့် လက်တွေ့မကျဘူး။ ဒီနေ့ဟာ ကောင်းတဲ့ပေါ်လစီ၊ တရားတဲ့ပေါ်လစီ သုံးလို့မရသေးပါဘူး။ အဲ့ဒါကြောင့် သင့်တော် တဲ့အခြေအနေ၊ သင့်တော်တဲ့ပေါ်လစီကို သုံးမှသာလျှင် ကျနော်တို့ တဆင့်တဆင့်ပြေလည်မှု ရှိလာလိမ့်မယ်။ ဒါကတော့ အရှိကို အရှိ ပြောခြင်းဖြစ်ပါတယ်။

မိုင်အိုက်ဖုန်း (ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး အထွေထွေအတွင်းရေးမှူး )

maiမြန်မာပြည်မှာ တကယ့်စစ်မှန်တဲ့ အမျိုးသားပြန်လည်သင့်မြတ်
ရေးနဲ့ တကယ့်တန်းတူရည်တူ အခွင့်အရေးရရှိရေးအတွက် ဒီမို ကရေစီကိုအခြေခံထားတဲ့ တကယ့်စစ်မှန်တဲ့ ဖက်ဒရယ်ပြည် ထောင်စုတည်ဆောက်ဖို့ ကျနော်တို့လိုလားတယ်။ အဲဒါနဲ့ ပတ်သက်လို့ ကျနော်တို့ ပလောင်တမျိုးသားလုံးရော၊ ကျန်တဲ့ တိုင်းရင်းသားအင်အားစုတွေ ပူးပေါင်းပြီးတော့ ရည်မှန်းချက် ပန်းတိုင်ရောက်ရှိတဲ့အထိ ဆက်လက်တိုက်ပွဲဝင်သွားမယ်။ ကျနော်တို့ ပလောင်အာဇာနည် ခွန်ပန်းစိန်ပေါ့ ပလောင်ကိုယ်စား၊ ရှမ်းပြည်စော်ဘွားတွေရဲ့ကိုယ်စား ပင်လုံစာချုပ်ကို ဥက္ကဋ္ဌအဖြစ်
ပါဝင်လက်မှတ်ထိုးထားတယ်ဆိုတဲ့ဟာ ကျနော်တို့ ပလောင်
အတွက် အင်မတန်ဂုဏ်မြတ်တဲ့ ခေါင်းဆောင်ဖြစ်တယ်။ အာဇာနည်ခေါင်းဆောင်အဖြစ်
ကျနော်တို့ အသိအမှတ်ပြုထားတယ်။ သူ မျှော်မှန်းထားတဲ့ဟာကိုလည်း ကျနော်တို့ ဒီနေ့အထိ မရရှိသေးတဲ့အတွက် ပန်းတိုင်ရောက်တဲ့အထိ ဆက်လက်တိုက်ပွဲဝင်သွားမယ်။

ပူကျင့်ရှင်းထန် (ဇိုမီးအမျိုးသားကွန်ဂရက် ဥက္ကဋ္ဌ)

pukyintကျနော်တို့အားလုံး အေးအတူပူအမျှနေနိုင်ဖို့ ပြည်ထောင်စုရယ်လို့ ကျစ်လျစ်ခိုင်မာစွာ လုပ်ချင်သပ၊ တည်ထောင်ချင်သပဆိုရင် ခွဲခြားမှုမရှိဘဲနဲ့ ကျနော်တို့ ဆွေးနွေးတိုင်ပင်ကြဖို့ ကောင်းရဲ့သားနဲ့ အခုဟာက ကျနော်တို့ တောင်ပေါ်သားတွေတင်မကဘူးဗျာ မြေပြန့်မှာလည်း ခွဲခြားပြီးတော့ စစ်တပ်မဟုတ်ရင် ဒီထဲမှာ မပါနိုင်ဘူးဆိုတာမျိုးဖြစ်နေတယ်။ တွေ့ဆုံဆွေးနွေးရေးမှာ
အားလုံး ပါဝင်ဆွေးနွေးဖို့ဆိုတဲ့နေရာမှာ ပြည်သူတခုလုံးကို ကိုယ်စားပြုတဲ့ အန်အယ်လ်ဒီလည်းမပါဘူး။ နောက်ပြီးတော့ တိုင်းရင်းသားခေါင်းဆောင်တွေ မပါတဲ့အပြင် ပါဖို့အင်မတန်မှ ကောင်းနေတဲ့ တိုင်းရင်းသားခေါင်းဆောင်တွေထဲမှာ ရှမ်းခေါင်း ဆောင်တွေ ခွန်ထွန်းဦးရယ်၊ စိုင်းညွန့်လွင်ရယ် စသဖြင့် (၉) ယောက်လောက်ကို ထောင်ထဲ ထည့်ပြီးတော့ အခုဆို ခွန်ထွန်းဦးတို့ ထောင်ကျတာ (၃) နှစ်တင်းတင်းပြည့်နေပြီ။ ပြည်ထောင် စုဖြစ်ပေါ်လာရေး အားလုံးပါဝင်အောင်ဆွေးနွေးရမယ့်အချိန်မှာ ဆွေးနွေးမယ့်အစား ထောင်ထဲ ထည့်ထားတာကိုကြည့်ရင် ကျနော်တို့က တိုင်းရင်းသား စည်းလုံးညီညွတ်ရေး အင်မတန်မှ အရေးကြီးတယ်၊ တိုင်ပင်ဆွေးနွေးမယ်၊ ဆွေးနွေးတဲ့အခါ သုံးဦးသုံးဖလှယ်တို့ သုံးပွင့်ဆိုင်တို့ အဲဒါတွေကိုပြောနေပေမယ့် အစိုးရအနေနဲ့က လုံးဝရည်ရွယ်ထားတဲ့ပုံမပေါ်လာဘူးဆိုတာ ထင်ထင်ရှားရှားတွေ့နေရတယ်။

ဦးရွှေအုံး (ရှမ်းပြည်တိုင်းရင်းသားလူမျိုးစုများ ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ)

ushweohn(၄၈) ခုနှစ်ကလည်း ပြည်ထောင်စုအစစ်မဟုတ်ဘူး။ (၇၄) ခုနှစ် ကလည်း ပြည်ထောင်စု အစစ်မဟုတ်ဘူး။ အခုဆွဲနေတဲ့ ပြည် ထောင်စုက ပိုပြီးတော့ မစစ်သေးတယ်။ ကျနော်တို့ ဖြစ်စေချင် တာက ပြည်ထောင်စုစစ်စစ်ဖွဲ့ချင်တယ်။ ပြည်ထောင်စု စစ်စစ် ဆိုတာ ဗမာပြည်မှာ လူမျိုးကြီး (၈) မျိုးရှိတယ်။ (၁၅၃) မျိုးဆိုတာ လူမျိုးစုတွေ။ လူမျိုးကြီး (၈) မျိုးပေါ်မှာ မူတည်ပြီးတော့မှ ပြည်
နယ် (၈) ခုနဲ့ တန်းတူရည်တူ ပြည်ထောင်စုဖွဲ့မှသာလျှင်၊ ပြည် တွင်းရေး လွတ်လပ်ခွင့်ပေးမှသာလျှင် အဲဒီပြည်ထောင်စုဟာ တည်တံ့ခိုင်မြဲမယ်။ အဲသလို မဟုတ်ဘဲနဲ့ လုပ်နေရင်တော့ တနေ့နေ့ပြိုကွဲမှာပဲ။

ခူးရေမာန်ထူး (ကရင်နီအမျိုးသားတိုးတက်ရေးပါတီ် အထွေထွေအတွင်းရေးမှူး)

khuပြည်ထောင်စုရဲ့အနှစ်သာရက ကွဲပြားမှုကနေပြီး စုစည်းမှုတရပ် ဘက်ကို ကျနော်တို့ တိုင်းပြည်ကို တည်ဆောက်ပြီးတော့ အေး အတူပူအမျှ တန်းတူတဲ့ အခွင့်အရေးရနိုင်တဲ့ နေရာမျိုးကို ဒါကို စစ်မှန်တဲ့ပြည်ထောင်စုလို့ ပြောလို့ရနိုင်ပါတယ်။ ကျနော်တို့ ကေအန်ပီပီအနေနဲ့ ဟိုး ဗမာပြည် လွတ်လပ်ရေး ကြိုးပမ်းစဉ် ကာလအတွင်းမှာ ကျနော်တို့ ပူးပေါင်းဖို့၊ မပူးပေါင်းဖို့ဆိုတဲ့နေ
ရာမှာ ကျနော်တို့သဘောထားက ဗမာပြည်ရဲ့ လွတ်လပ်ရေး အခြေအနေ အဆင့်အတန်းကို ကျနော်တို့ ကြည့်ပြီး ဘယ်လို
ပါဝင်ရမလဲဆိုတာ ဆုံးဖြတ်ဖို့ပါ။ ဒါပေမယ့် အဲ့ဒီအခြေအနေ မရောက်ခင်မှာဘဲ ကျူးကျော်မှုတွေဖြစ်လာလို့ ယနေ့အထိ တိုက်ပွဲဖြစ်နေတာလို့ ပြောလို့ရပါတယ်။ ကျနော်တို့အနေနဲ့က သီးခြားစီနေထိုင်ရာကနေ စုစည်း တဲ့နေရာမှာ ကျနော်တို့ အေးအတူပူအမျှ တူညီတဲ့ အခွင့်အရေးတခုအောက်မှာ ကျနော်တို့ နေထိုင်ရလိုပါတယ်။

ပဒိုမန်းရှာလားဖန်း (ကရင်အမျိုးသားအစည်းအရုံး အထွေထွေအတွင်းရေးမှူး )

padoပြည်ထောင်စုအနှစ်သာရဆိုတာ တခုကဘာလဲဆိုတော့ ပြည် ထောင်စုထဲမှာ တိုင်းရင်းသား လူမျိုးစုတွေ တန်းတူရည်တူ
ရှိရမယ်။ နောက်တချက်ကတော့ တိုင်းရင်းသားလူမျိုးစုတွေရဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ကိုယ့်ကြမ္မာကိုယ် ဖန်တီးခွင့်ရှိရမယ်။ အဲ့ဒီ တန်းတူရည်တူရှိမှုနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အပေါ်မှာ ပြည်ထောင် စုတည်ဆောက်ရမယ်။ အဲသလို တည်ဆောက်မှ ပြည်ထောင်စု အစစ်အမှန် ရမှာဖြစ်ပါတယ်။

ဒါကြောင့် တွေ့ဆုံဆွေးနွေးရေး လုပ်လာနိုင်အောင်လို့ နအဖကို ကျနော်တို့ ဘက်ပေါင်းစုံက ပြည်တွင်းကရော၊ ပြည်ပကရော ဖိအားပေးမှရမယ်။ နအဖတွေက သူတို့နားလည်နိုင်မယ့် ဘာသာစကားနဲ့ သူတို့ကိုပြောဆို ဆက်ဆံမှ သူတို့က အဲဒီစကားဝိုင်းကို လှည့်လာနိုင်မယ်။

တကယ်လို့ သူတို့ကို ဖိအားမပေးဘူး၊ သူတို့အပေါ်မှာ ချော့မြှူရေးဝါဒကျင့်သုံးနေမယ်၊ သူတို့ကို လိုက်လျောဆက်ဆံရေးဝါဒပဲ ဆက်လုပ်နေမယ်ဆိုရင် အတိုက်အခံတွေကို သူတို့လုပ်ချင်တာ လုပ်လို့ရတယ်၊ အနိုင်ကျင့်ချင်တိုင်းကျင့်လို့ရတယ်ဆိုပြီးတော့ သဘောထားပြီးတော့ လှည့် တောင်မှကြည့်မှာမဟုတ်ဘူး။ သူတို့ လုပ်ချင်ရာလုပ်နေမှာပဲ။ အဲဒါကြောင့်မို့လို့ သူတို့ကို ဘက်ပေါင်းစုံကနေပြီးတော့ နိုင်ငံရေးရော၊ စီးပွားရေးရော ဖိအားပေးဖို့လိုတယ်။ ပြည်တွင်း
မှာရော၊ ပြည်ပမှာရော လူထုတိုက်ပွဲတွေ ဖော်ထုတ်ဖို့လိုတယ်။ လက်နက်ကိုင် တိုက်ပွဲမျိုး တွေနဲ့ဖိအားပေးဖို့လိုမယ်။ နိုင်ငံတကာမှာ ဒီမိုကရေစီကိုလိုလားတဲ့၊ ငြိမ်းချမ်းရေးကိုလိုလားတဲ့၊ တရားမျှတမှုကို လိုလားတဲ့နိုင်ငံတွေရဲ့ ဖိအားပေးမှုတွေလိုမယ်။ ဒါတွေအားလုံးလုပ်နိုင်မှ တွေ့ဆုံဆွေးနွေးရေးစကားဝိုင်းကို ရောက်လာမှာဖြစ်တယ်။ မဟုတ်ရင် နအဖဟာ ဘယ်သူ့
ကိုမှ အရေးစိုက်မှာမဟုတ်ဘူး။ ။


Leave a response

You must be logged in to post a comment.

Categories